သံဖြူဇရပ် လူထုအခြေပြုဗဟိုဌာန၌​ သု​တေသီ (ဘုန်းမြင့်​သွေး) ရေးသားသည့် “ဘဝတန်ဖိုးအမှန်တိုးအောင် “စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

သံဖြူဇရပ် သြဂုတ် ၄

ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ မော်လ​မြိုင်ခရိုင်၊ သံဖြူဇရပ်​မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီက သုတေသီ (ဘုန်းမြင့်​ သွေး) ရေးသားသည့်” ဘဝတန်ဖိုး အမှန်တိုးအောင်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီး အရာရှိ​ဒေါ်အေးအေးသီက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ စာရေးဆရာသုတေသီ (ဘုန်းမြင့်သွေး) ရေးသားသည့် ”ဘဝတန်ဖိုးအမှန်တိုးအောင်” စာအုပ်တွင်ပါရှိသည့် “လူသားနှင့်ဘဝတန်ဖိုး” အကြောင်းအရာကို​ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မြင့်မြင့်ခိုင်က ဖတ်ကြားဆွေးနွေးကာ “စိတ်ညံ့များက​နှင်ထုတ်ရန်” အကြောင်းအရာကို မြို့နယ်အမျိုးသမီး​ ရေးရာအဖွဲ့ဝင် ဒေါ်နိုင်ပွင့်ဝါက ဖတ်ကြားဆွေးနွေးခဲ့သည်။

ထို့နောက် "လူကဲခတ်" အကြောင်းအရာကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ဇွန်ပွင့်​ဖြူက ဖတ်ကြားဆွေးနွေးရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာ​ဝေါသနာရှင်များမှလည်း စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ်လူငယ်၊ လူရွယ်များ စာဖတ်သည့် အလေ့အကျင့်အား ကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)