ထားဝယ်တက္ကသိုလ်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပ

ထားဝယ် သြဂုတ် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးမှ ဌာနမှူးများနှင့် ကျောင်းသား/ သူများအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ထားဝယ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲကြောင်း သိရသည်။

ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးချမ်းမြေ့သီဟက သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်များ၊ လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များ၊ လိုက်နာဆောင်ရွက်ရန်၊ သတိပြုရန်၊ ရှောင်ရှားရန် အချက်များကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူး ဦးချမ်းမြေ့သီဟနှင့် ဝန်ထမ်းများက ဘာသာရပ်အသီးသီးမှ ဌာနမှူးများနှင့် ကျောင်းသား/သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး မုန်တိုင်းဘေး အသိပညာပေး ပိုစတာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် လက်သန့်ဆေးရည် (၄၀) ဘူးကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)