မြောက်ဥက္ကလာပမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

မြောက်ဥက္ကလာပ ဩဂုတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ မွန်းလွဲ နာရီ အချိန်က ()ရပ်ကွက်‌ ဒေသန္တရကျန်းမာရေးဌာနတွင် ထိုးနှံ​​ပေးလျက်ရှိ​ပြီး ကျန်ရပ်ကွက်များတွင်လည်း သတ်မှတ်ဆေးထိုးစုရပ် နေရာများအလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများနှင့် အညီမြို့နယ် ကျန်းမာရေးဝန်ထမ်းများက အသက်(၂)နှစ်အောက် ကလေးငယ်များအား ပြင်းထန်အဆုတ်ရောင်ရောဂါ (ပီစီဗီ) ရောဂါ ကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညာ၊ မေးခိုင်အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်)ကာကွယ်ဆေး၊ ဝမ်းလျှော (ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး) ပိုလီယို သောက်ဆေးနှင့် ထိုးဆေး၊ ဝက်သက်ဂျိုက်သိုးအစရှိသည်(ငါးမျိုးစပ်) ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို အလှည့်ကျစနစ်ဖြင့် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထို့နောက် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်အတွင်းရှိ အသက် (၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက လစဉ်လဆန်းရက်မှစတင်၍ စနစ်တကျဆောင်ရွက်ပေးလျက် ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းရသည်။

လှလှထွေး(ပြန်/ဆက်)