ကျောက်ဆည်မြို့နယ် တုံလုံကျေးရွာတွင် ပြည်သူများလူမှုဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေး
မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး၊ ကျေးလက်နေပြည်သူများ လူနေမှုဘဝမြင့်မားတိုးတက်စေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်၌ တုံလုံကျေးရွာတွင် ပြည်သူများလူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးလျက်ရှိကြောင်း သိရှိရသည်။