ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကလေး ဩဂုတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးမြို့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကလေးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ ကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က မိမိတို့ဌာနတွင် ယခုကဲသို့ အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပခြင်းအားဖြင့် ပြည်သူများနှင့် ဌာနအတွင်းရှိ ဝန်ထမ်းများကို အသိပညာ ဗဟုသုတများ ပိုမို ပြည့်စုံ ကြွယ်ဝလာနိုင်စေရန် ကျင်းပခြင်းဖြစ်ကြောင်း ဦးစွာ ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ ကလေးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်က စားသုံးသူ ကာကွယ်ပေးရေး ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ ပြန်လည် ဆွေးနွေးခဲ့ကြသည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ စာပေချစ်မြတ်သူနိုးသူများဖြင့် စာဖတ်ဝိုင်း အသိပညာပေး ဆွေးနွေးများနှင့် သင်တန်းများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကလေး(ပြန်/ဆက်)