ရေဖြူမြို့နယ်တွင် ရှေ့ဦးပြုစုခြင်း သင်တန်း(၃)ရက်တာ ဖွင့်လှစ်ပို့ချ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းက ကြီးမှူး၍ထိခိုက်ဒဏ်ရာရှေ့ဦးပြုစုခြင်းသင်တန်း (Trauma First Aid)ကို ယ‌နေ့နံနက် ၉နာရီက ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ မဂ္ဂင်ရပ်ကွက်၊ သီတဂူဓမ္မဝိဟာရ‌ကျောင်း ဓမ္မာရုံတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ် အရှေ့အင်းကုန်းကျေးရွာတွင် တတိယနှစ်စက်ဝန်း ကျေးရွာမတည် စီမံကိန်းရန်ပုံငွေ ကွင်းဆင်း ထုတ်ချေးပေး

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် အရှေ့အင်းကုန်းကျေးရွာတွင် ကျေးရွာနေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) စီမံကိန်းချေးငွေများ ကွင်းဆင်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၈/၂၀၂၂) ဆင်းပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ထားဝယ်စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကြောင်းဆိုင်ရာ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(၈/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထား ဝယ်မြို့၊ ကူးတို့ကျေးရွာ၊ ဝိသုဒ္ဓရ ဘုန်းကြီးကျောင်း၌ကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် အစားအစာ အုပ်စု(၃)စု ပြပွဲ၊ ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများအား အစားအစာအုပ်စုများ၌ ပါဝင်သော အစားအစာများ သိရှိစေရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာအဟာရအုပ်စုများ မျှတစွာ စားသောက်တတ်စေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် အစားအစာအုပ်စု(၃)စု ပြပွဲ၊ပြိုင်ပွဲကို ဩဂုတ် ၉ ရက် နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ မြညီလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်  လှုပ်ရှားမှုနှင့် ဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုနှင့်ဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က  ကမမောင်းမြို့ အမှတ်(၃)၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်များအား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုများအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ စတင်ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်းများအား တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၇)နာရီခွဲအချိန်က စဉ့်ကူးမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် ၅ ဧက ခြံဝင်းအတွင်း၌ ကျင်းပခဲ့သည်။

အမာမြို့၌ အသက်(၆)လမှ (၅)နှစ်အထိ ကလေးငယ်များအား မျက်စိအားဆေး (ဗီတာမင်အေ)နှင့် သံချဆေး တိုက်ကျွေးခြင်း လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ကျေးလက်ကျန်းမာရေးဌာန၌ ကျန်းမာရေး ဝန်ထမ်းများက အသက်(၅)နှစ်အောက် ကလေးငယ်များအား မျက်စိအားဆေး (ဗီတာမင်အေ)နှင့် သံချဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့ နံနက်(၉)နာရီက စတင်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ် ပိုးဇာနွယ်ကျေးရွာ လူဆူတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားကွင်းဆင်းဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပိုးဇာနွယ်ကျေးရွာရှိ လီဆူတိုင်းရင်းသား လူမျိုးများအား ပန်းခင်းစီမံချက် (၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းကို ယနေ့နံက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to