ဗန်းမော် ဩဂုတ် ၉
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများအား အစားအစာအုပ်စုများ၌ ပါဝင်သော အစားအစာများ သိရှိစေရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာအဟာရအုပ်စုများ မျှတစွာ စားသောက်တတ်စေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် အစားအစာအုပ်စု(၃)စု ပြပွဲ၊ပြိုင်ပွဲကို ဩဂုတ် ၉ ရက် နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ မြညီလာခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။
အဆိုပါပြပွဲ၊ ပြိုင်ပွဲတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာဆရာမတို့က ရောဂါကာကွယ်စေသော အစာများအုပ်စု၊ အင်အားဖြစ်သော အစာများအုပ်စုနှင့် ခန္ဓာကိုယ်ကြီးထွားစေသော အစာများအုပ်စု ၃ အုပ်စုခွဲ၍ အစားအစာအာဟာရအုပ်စုအလိုက် ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြပြီး ဗန်းမော် မြို့နယ်ပညာရေးမှူး ဦးလဆန်နှင့်အဖွဲ့၊ ဗန်းမော်မြို့ မိခင်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေး ဆရာမ ဒေါ်ကြည်ကြည်ဝင်းနှင့် အဖွဲ့တို့က သတ်မှတ် ထားသည့် အစားအစာအုပ်စုတွင် ကိုက်ညီမှု ရှိ/မရှိကို ဒိုင်အဖြစ် အကဲဖြတ်အမှတ်ပေးခဲ့ကြကာ ပြိုင်ပွဲဝင် ဆုရရှိသည့် အုပ်စုကို မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဗန်းမော်(ပြန်/ဆက်)