မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကြီးမြို့၊ ဖက်ကွန်-ဇလဲလမ်း (ဂျာမနီလမ်း) ပိတ်ဆို့မှု ဖြစ်ပွား

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖက်ကွန်ကျေးရွာအုပ်စု၊ လင်းလေကျေးရွာ၊ ဖက်ကွန်-ဇလဲလမ်း(ဂျာမနီလမ်း) မိုင်တိုင်အမှတ်

ညောင်ရွှေမြို့၌ မိုးရွာသွန်းမှုကြောင့် လူနေရပ်ကွက်အချို့ ရေကျော်မှုဖြစ်ပေါ်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၌ ၈.၈.၂၀၂၂ရက် ညပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သာစည် ကန်အတွင်း ရေမျက်နှာပြင်မြင့်တက်ပြီး ယနေ့နံနက်ပိုင်းတွင် သာစည်ကန်အနီးရှိ သာစည်ရပ်ကွက်အတွင်း လမ်းအချို့နှင့်လူနေအိမ်အချို့တို့တွင် ရေလွှမ်းရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ဒိုက်ဦးမြို့တွင် "လူငယ်နဲ့အပြောင်းအလဲ" စာအုပ်ဖြင့် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စာရေးဆရာမောင်မင်းစိုး ရေးသားသော "လူငယ်နဲ့အပြောင်းအလဲ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ၁နာရီအချိန် က ပြုလုပ်ခဲ့သည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် လူငယ်အသင်း(Youth Club)တို့ ပူးပေါင်း၍

ပဲခူးမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) ပါ အချက်အလက်များအား ဖြည့်သွင်းဆောင်ရွက်နေမှု (၇၀)ရာခိုင်နှုန်းကျော် ပြီးစီး

ပဲခူးမြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားများအားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရန် မဲစာရင်းမှန်ကန်ရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ပါ အချက်အလက်များအား ကွန်ပျူတာဖြင့် ဖြည့်သွင်းဆောင်ရွက်နေခြင်းကို ဇူလိုင်လ (၁၇) ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ရာ သြဂုတ်လ (၈)ရက်နေ့အထိ (၇၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

နောင်တရားဒေသထွက် ဂေါ်ဖီထုပ်များ ဈေးကောင်းပြန်လည်ရရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ကုန်စိမ်းသီးနှံအဖြစ် စိုက်ပျိုးသည့် ဂေါ်ဖီထုပ်များ ဈေးပြန်လည်ကောင်းမွန်လာခြင်းကြောင့် ကော်ဖီထုပ်စိုက်တောင်သူများ စီးပွားရေး ပြန်လည် အဆင်ပြေလာကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

မင်းလှမြို့နယ်တွင် တိရစ္ဆာန် ကျန်းမာရေးလုပ်သားသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ် ခြင်းလုပ်ငန်းများ၌  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်မည့် တိရစ္ဆာန် ကျန်းမာရေးလုပ်သားအင်အားဖြင့် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ အခန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာ‌စေရန် ရည်ရွယ်၍  တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

သာယာဝတီခရိုင်အဆင့် စကောကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအသစ် ပြန်လည်ဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ တောင်ဘက်မြို့သစ် (၉)လမ်းရှိ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ နေအိမ်တွင် ခရိုင်အဆင့်စကောကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအသစ် ပြန်လည်ဖွဲ့စည်းခြင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီချိန် က ဆောင်ရွက်ခဲ့သည်။

ရပ်စောက်၌ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နေ့ နံနက်ပိုင်းတွင် ဇော်ဂျီချောင်းရေလျှံတက်လာပြီး အဆိုပါချောင်းအနီးရှိ ရပ်ကွက်အချို့၌ လူနေအိမ်များနှင့် လမ်းမပေါ်သို့

သိန္နီမြို့ လူထုအခြေပြုဗဟုဌာန (Community Centre) ခန်းမတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူကလေးသူငယ်များ ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူစီပေါင်းတာဝါတိုင်ထူခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
Subscribe to