ကမမောင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်  လှုပ်ရှားမှုနှင့် ဟောပြောပွဲကျင်းပ

ကမမောင်း ဩဂုတ် ၉

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုနှင့်ဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က  ကမမောင်းမြို့ အမှတ်(၃)၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကမမောင်းမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှဌာနမှူး ဒေါ်နန်းယုဝေက ကျောင်းသား/ကျောင်းသူများအား သန်ကောင်ရောဂါအကြောင်း သိကောင်းစရာနှင့် ဆယ်ကျော်သက် မိန်းကလေးများအား သံဓာတ်အားဆေးတိုက်ကျွေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာ ရေး၊ နည်းစနစ်မှန်ကန်စွာသွားတိုက်ခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရေးနှင့် မိုးတွင်းကာလတွင်ဖြစ်ပွားသည့်  သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများအကြောင်းသိကောင်းစရာများကို ပြောကြားခဲ့ပြီး သံဓာတ်အားတိုးဆေးနှင့် သန်ချ ဆေးများကို အခမဲ့တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့  ကမမောင်းမြို့  ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူး ဒေါ်နန်းယုဝေနှင့် တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲဝင်များ၊ အမှတ်(၃)၊ အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း (၁၁၃)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

သန့်ဇင်(ကမမောင်းပြန်/ဆက်)