မြို့သစ်မြို့နယ် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ e-ID ရေးသွင်းခြင်း လုပ်ငန်းအချိန်မီပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆ / ၆) အချက်အလက်များကို   ကွန်ပျူတာဆော့ဖ်ဝဲ (software) ဖြင့် e-ID ရေးသွင်းခြင်း လုပ်ငန်းများအ ချိန်မီ ပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် အသက်(၁)နှစ် ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ကျွေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်မှစ၍ အနောက်ဘက်ကျေးရွာအုပ်စု၊ မဒေါက်ကလေးကျေးရွာ၊ သီရိမင်္ဂလာကျောင်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဖျာပုံမြို့ မဟာပုညာရာမတိုက်၊ မင်းကျောင်းပရိယတ္တိစာသင်တိုက် ဓမ္မရိပ်သာကြီး တရားစခန်းရှိ ဆရာတော် သံဃာတော်များ၊ အဘိုးအဘွားများအား တိုင်းရင်းဆေးပညာဖြင့် ကုသဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဝင်းမာနှင့် ဝန်ထမ်းများသည် အမှတ်(၄)ရပ်ကွက်ရှိ မဟာပုညာ ရာမတိုက်၊ မင်းကျောင်းပရိယတ္တိ စာသင်တိုက်ဓမ္မရိပ်သာကြီးရှိ ဆရာတော်သံဃာတော်များ၊ အဘိုးအဘွားများ အား "သက်ရှည်ကျန်းမာ နေနိုင်ရေးတိုင်းရင်းဆေးဖြင့် ပညာပေး "ဆောင်ပုဒ်နှင့် အညီ ကွင်းဆင်းဆေးကုသခြင်းကို ယနေ့ နံနက်(၁၁)နာရီ အချိန်က အဆိုပါ မင်းကျောင်းဓမ္မရိပ်သာတွင် ဆောင်ရွက်ကြသည်။

ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာတွင် ကျေးရွာမတည် စီမံကိန်းရန်ပုံငွေ ကွင်းဆင်း ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာတွင် ကျေးရွာနေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) စီမံကိန်းချေးငွေများ ကွင်းဆင်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် သွေးလွန်တုပ်ကွေးကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသသကြီး ဆိပ်ဖြူမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်များကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသခံပြည်သူများနှင့်‌ တွေ့ဆုံ ဆွေးနွေး

မကွေးတိုင်း‌ဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့ နံနက် ၈ နာရီခွဲက ပေရင်းကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူများ နှင့်တွေ့ဆုံ၍  ရှင်းလင်း ဆွေးနွေးခဲ့သည်။

ရှမ်းပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံန်က (၁၀)နာရီအချိန်က တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိုးနဲမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ ယမန်နေ့ညပိုင်းအချိန်က မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် နမ့်စလိုင်ချောင်း၊ နမ့်တွန်ချောင်းနှင့် နောင်ကျော့အင်းများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး မြေနိမ့်သောရပ်ကွက်များ ရေအနည်းငယ်ဝင်ရောက်မှုနှင့် လယ်ကွက်များရှိ စပါးပင်များ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံး၊ Community Centre ရှိ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့် ကုန်အညွှန်းအမှတ် အသားများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ရိုက်ကူးခဲ့ကြောင်း သိရသည်။
Subscribe to