မြောက်ဥက္ကလာပ သြဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး Talk Show ကို မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှလှထွေးနှင့် မြို့နယ်စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်တို့မှ (Money Pox) မျောက်ကျောက်ရောဂါကို အာဖရိကအလယ်ပိုင်းမှာ စတင်တွေ့ရှိခဲ့ကြောင်း၊ Monkey Pox မျောက်ကျောက်ရောဂါ၏အဓိပ္ပါယ် မျောက်ကျောက်ရောဂါ ကူးစက်ပျံနှံ့လာပုံ၊ ရောဂါလက္ခဏများဖြစ်ပွားပုံ၊ မျောက်ကျောက်ရောဂါ ကူးစက်နိုင်သည့်နည်းလမ်းများ၊ မျောက်ကျောက်ရောဂါသည် တိရစ္ဆာန်မှတဆင့် လူမှ တစ်ဆင့် အရာဝတ္ထုများမှတစ်ဆင့် ကူးဆက်နိုင်ပုံများစသည်ဖြင့် Money Pox မျောက်ကျောက်ရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြောက်ဥက္ကလာပမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်အတွက် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ၊ သုတ၊ ရသစာပေဆွေးနွေးပွဲများ၊ ကဗျာရွတ်၊ ပုံပြင်ပြောခြင်း အစီအစဉ်များနှင့်ကာယဉာဏ ဖွံဖြိုးရေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)