ထန်းတပင်မြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့်မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့်မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ် လှုပ်ရှားမှုကို မြို့နယ် ပြည်သူ့ဆေးရုံ၌ ယမန်နေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။