နတ်မောက်မြို့နယ်တွင် ငရုတ်သီးစိမ်း စျေးကောင်း၍ စိုက်ပျိုးသူများ အဆင်ပြေ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများစုမှာ ရာသီဥတုဖောက်ပြန်၍ မိုးခေါင်မှုကြောင့် ပုံမှန်လယ်ယာစိုက်ပျိုးခြင်းမှ မိသားစုတစ်နိုင်တစ်ပိုင် ခြံများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ငရုတ်စိုက်ပျိုး ရောင်းချခြင်း ပြုလုပ်သူများ အမြတ်ငွေ ပိုမိုရရှိလျက်ရှိကြောင်း သိရသည်။

ဟိုပုံးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမပေါ်သို့ မြေစာပြိုကျမှုဖြစ်ပွား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စငေါကျေးရွာ အုပ်စုအတွင်းရှိ စငေါ-စအွန်ကျေးရွာချင်းဆက်လမ်းတွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းမပေါ်သို့ မြေစာပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်အောင်၌ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေး ရွာစီမံကိန်း (ဆီထွက်သီးနှံ)နှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မုန်းချောင်းရေဖြင့် ရုံးပတီသီး သီးနှံ စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး လုပ်ငန်း အဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် မုန်းချောင်းရေကို အမှီပြု၍ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေရရှိရေးအတွက် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြလျက်ရှိရာ ဟင်းသီးဟင်းရွက် စားပင်သီးနှံများ စိုက်ပျိုးလုပ်ကိုင်ရာတွင် ရုံးပတီသီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင် ဖြစ်ထွန်းမှုရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိနေကြောင်း အဆိုပါ ရွာသစ်ကျေးရွာရှိ ဒေသခံတောင်သူများထံမှ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လင်းခေး နမ့်တိန်းချောင်းရေအနည်းငယ်တက်

ယမန်နေ့သြဂုတ်(၈)ရက်ညက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် လင်းခေးမြို့ နမ့်တိန်းချောင်း အနည်းငယ်ရေတက်လာခဲ့ခြင်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ် သမဝါယမအသင်းစု လီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် သမဝါယမအသင်းစု လီမိတက်၏ (၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်) (၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်) နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ယနေ့ နံနက်က မြန်အောင်မြို့ သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူကုန်ကူးမှု ပပျောက်ရေးအားလုံး ပူးပေါင်းပါဝင်‌ပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပြန်လည်ထူးထောင်ရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့်လူကုန်ကူးမှုပပျောက်ရေးအားလုံးပူးပေါင်းပါဝင်‌ပေးဆွေးနွေးပွဲ(Talk Show)အစီအစဉ်ကို ယနေ့နံနက် (၁ဝ)နာရီက မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

စစ်ကိုင်းမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့၊ နေ့ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မိုးလုံလေလုံအားကစားခန်းမနှင့် မြို့နယ်အားကစားကွင်းအား ကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်(၁) ဦးကျော်ဦး၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်၊ ပုသိမ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးသိန်းစံတို့သည် ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ နံနက် (၈)နာရီအချိန်က ငပုတောမြို့ မိုးလုံလေလုံ အားကစား ခန်းမသို့ ရောက်ရှိပြီး အဆောက်အဦအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to