ကျောက်ဆည်မြို့နယ် ကုန်းကြီးကျေးရွာတွင် သောက်သုံးရေဖူလုံစွာရရှိရေး စက်ရေတွင်း၊ရေစက်ရုံနှင့် စင်မြင့်ရေစင်များတည်ဆောက်ပေး

ကျောက်ဆည်  ဩဂုတ်  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ   ကျေးရွာပြည်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး လိုအပ်ချက်များဖြည့်ဆည်းပေး လျက်ရှိရာ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ကုန်းကြီးကျေးရွာ၌ သောက်သုံရေးဖူလုံစွာရရှိစေရေး စက်ရေတွင်း၊ ရေစက်ရုံနှင့် စင်မြင့်ရေစင် တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။

ရေပေးဝေရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၃၂.၉၈)သန်းအကုန် အကျခံကာ အကျယ်(၉၄)လက်မ၊အနက်(၄၀၀)ပေ စက်ရေတွင်း(၁)တွင်း၊ ရေခါလံ (၂၄၀၀)ဆံ့ စင်မြင့် ရေစင်(၁)စင်နှင့် ရေစက်ရုံ(၁)ရုံကို ကျေးရွာအတွင်းရေပေးဝေရေးအတွက်(၂) လက်မအကျယ် (PVC) ပိုက်ဖြင့် အရှည် (၁)မိုင် သွယ်တန်းပေးခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ် ကုန်းကြီးကျေးရာတွင် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုကြောင့် အိမ်ခြေ(၄၇၆)၊လူဦးရေ(၂၀၇၇)ဦးအတွက် သောက်သုံးရေ ရာသီမရွေးဖူလုံစွာသုံးစွဲနိုင်သည့်အပြင် ကျွဲ၊ နွား၊ တိရစ္ဆာန်များအတွက်လည်း သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

တင်တင်ထွေး