ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ က‌လေးငယ်များ ကာယ၊ ဉာဏဖွံ့ဖြိုးရေးအတွက် ပြိုင်ပွဲများဆောင်ရွက်

ပိုင်ကျုံ ဩဂုတ်  ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် က‌လေးများ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာကြည့်တိုက်နှင့် ရင်းနှီးမှုရရှိ‌စေပြီး စာဖတ်စွမ်းရည်မြှင့်မား‌စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြိုင်ပွဲများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ကလေးငယ်များအနေဖြင့် ကာယဉာဏနှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုး တိုးတက်လာစေ‌ရေး၊ စာဖတ်စွမ်းရည်မြှင့်‌တင်ရေးနှင့် အသိပညာဗဟုသုတများ ပိုမိုရရှိလာ စေရန်နှင့် ပြိုင်ပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပိုင်ကျုံမြို့ အမှတ်()ရပ်ကွက်ရှိ ကလေးငယ်များအား ပန်းချီဆေးရောင် ခြယ်ပြိုင်ပွဲ၊ အရုပ်ဆက် ပြိုင်ပွဲနှင့်‌ လက်ဆင့်ကမ်း‌ဘောလုံးပစ်ပြိုင်ပွဲတို့ကို ကလေးငယ်များက ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီးပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကလေးငယ်များအား အမှတ်တရပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

နော်ခူး (ပြန်/ဆက်)