သထုံမြို့နယ်အတွင်း ရွေ့လျားကွန်ပျူတာ ဓါတ်မှန်စက်ဖြင့် အဆုတ်(တီဘီရောဂါ)နှင့် ရင်ခေါင်းဆိုင်ရာများ အခမဲ့ စမ်းသပ်စစ်ဆေး ကုသခြင်း လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်းကျန်းမာရေး စစ်ဆေးရေးအဖွဲ့နှင့် သထုံမြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သော ရွေ့လျား ကွန်ပြူတာဓါတ်မှန်စက်ဖြင့် အဆုတ်(တီဘီရောဂါ)နှင့် ရင်ခေါင်းဆိုင်ရာများ အခမဲ့စမ်းသပ်စစ်ဆေး၊ ကုသခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်က သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ အ.ထ.က(ကျိုက္ကော်)ရွှေရတုခန်းမ၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ် အ.မ.က(၇)မူလတန်း ကျောင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ​​ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အ.မ.က(၇)မူလတန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခြင်ဆေးဖြန်း ခြင်းလုပ်ငန်းကို ယမန်နေ့ နေ့လည် ၁၂နာရီ အချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်

ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ တာချီလိတ်မြို့ပေါ် ရပ်ကွက်နှင့်မိုင်းကိုးကျေးရွာအုပ်စုတို့တွင် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့်ရေကြီးရေလျှံမှုဖြစ်ပေါ်လျှက်ရှိပြီး

ကမမောင်းမြို့၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကမမောင်းမြို့ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပသည်။

မိုင်းရယ်မြို့ အ.ထ.က ကျောင်း၌ မီးဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်တွေ့သရုပ်ပြ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီး၍ မီးဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ အခြေခံလူတန်းစားပြည်သူများထံ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်(၃၉၀၀)နှုန်းဖြင့် လှည့်လည် ရောင်းချ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ အခြေခံလူတန်းစားပြည်သူများအနေဖြင့် သန့်ရှင်းကောင်းမွန်သော စားသုံးဆီများကို မှန်ကန်သောဈေးနှုန်းတို့ဖြင့် ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ပြည်သူတစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာကို ငွေကျပ်(၃၉၀၀)နှုန်းဖြင့် ယမန်နေ့ နံနက် ၈နာရီက စတင်ပြီး မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချလျက်ရှိကြောင်း သိရသည်။

အမာမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဌာနမှ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖျာပုံမြို့၊ ကျန်းမာရေးဌာန၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး‌အဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများက အမာမြို့၊ မြို့မ(၂)ရပ်ကွက် နှင့် စာသင်ကျောင်းများတွင် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဆင်များနေ့အခမ်းအနား ဆင်စာဘူဖေးကျွေးခြင်းများဖြင့် ဆင်စခန်းအသီးသီးတွင်ကျင်းပ

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၂ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို မြန်မာပြည်အရပ်ရပ်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိသည့် ဆင်စခန်းအသီးသီးတွင် ဆင်စာဘူဖေးကျွေးခြင်းများဖြင့် ကမ္ဘာ့ဆင်များနေ့ကို ကြိုဆိုခဲ့ကြကြောင်း ဆင်စခန်းတာဝန်ခံများထံက သိရသည်။

တန့်ယန်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ပြည်သူများယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပုဂ္ဂလိကယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီရုံးရှေ့နှင့် မြို့နယ်စစ်မှုထမ်းဟောင်းရုံးရှေ့ ဗိုလ်ချုပ်လမ်းမကြီး၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
Subscribe to