ပခုက္ကူ ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ အခြေခံလူတန်းစားပြည်သူများအနေဖြင့် သန့်ရှင်းကောင်းမွန်သော စားသုံးဆီများကို မှန်ကန်သောဈေးနှုန်းတို့ဖြင့် ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ပြည်သူတစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာကို ငွေကျပ်(၃၉၀၀)နှုန်းဖြင့် ယမန်နေ့ နံနက် ၈နာရီက စတင်ပြီး မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချလျက်ရှိကြောင်း သိရသည်။
စားအုန်းဆီများကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုဖြင့် သန့်ရှင်းကောင်းမွန်ပြီး ဈေးနှုန်းမှန်ကန်သည့် စားအုန်းဆီများကို အခြေခံလူတန်းစားပြည်သူများ လက်ဝယ်အရောက် ဝယ်ယူစားသုံးနိုင်စေရန်အတွက် မြို့ပေါ်ရပ်ကွက်များတွင် စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်(၃၉၀၀)နှုန်းစီဖြင့် ဈေးနှုန်းသက်သာစွာ လှည့်လည် ရောင်းချပေးခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက် ၈နာရီမှ နေ့လယ် ၁၂ နာရီအထိ ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်သူ(၆၂၅)ဦး၊ အမှတ်(၅)ရပ်ကွက်ရှိ ပြည်သူ(၃၅၀)၊ အမှတ်(၆)နှင့် အမှတ် (၇)ရပ်ကွက်အတွင်းရှိ ပြည်သူ(၅၀၀)ဦး၊ စုစုပေါင်းပြည်သူ (၁၄၇၅) ဦးထံ တစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာနှုန်းဖြင့် ရောင်းချပြီးစီးခဲ့ကြောင်း၊ ယင်းလုပ်ငန်းကို ဩဂုတ်လ ၁၀ရက်နေ့က စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး အမှတ် (၁၊၈၊၉၊၁၀)ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချခဲ့ပြီး ဩဂုတ်လ ၁၅ ရက်နေ့အထိ ကျန်ရှိသည့် ရပ်ကွက်များတွင်လည်း အုပ်စုဖွဲ့၍ စားသုံးသူများလက်ဝယ်အရောက် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့ နယ်ဆီကုန်သည်အသင်းဥက္ကဋ္ဌထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)