ကမမောင်း ဩဂုတ် ၁၂
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကမမောင်းမြို့ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ကမမောင်းမြို့နယ်ရဲစခန်းမှ ဒုရဲအုပ်ဂျေဘရန်အောင်က လူကုန်ကူးခြင်းသည် ကလေးသူငယ်များကို အဓိကပစ်မှတ်ထား၍လုပ်ဆောင်နေကြောင်း၊ ယခုအချိန်တွင် မည့်သူကိုမျှမယုံကြည့်သင့်ကြောင်း၊ မိမိမသိသောမည်သူမဆိုခေါ်ပါကမလိုက်သင့်ကြောင်း၊ လူကုန်ကူးမှုဆိုင်ရာပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း သိကောင်းစရာများ၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့်လိုအပ်ချက်များအကြောင်းနှင့် သတိပြုရမည့်သူများ စသည့် အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ကမမောင်းမြို့နယ်ရဲစခန်းမှ ဒုရဲအုပ်နှင့် တာဝန်ရှိသူများ၊ ကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှုး ဒေါ်ဝေဝေဖြိုးနှင့် တာဝန်ရှိသူများ၊ မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ မြို့အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ အမှတ်(၂)အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၈၂)ဦးခန့်တက်ရောက်ကြကြောင်း သိရှိရသည်။
တင်တင်လှ