တန့်ယန်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်

တန့်ယန်း သြဂုတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ပြည်သူများယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပုဂ္ဂလိကယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီရုံးရှေ့နှင့် မြို့နယ်စစ်မှုထမ်းဟောင်းရုံးရှေ့ ဗိုလ်ချုပ်လမ်းမကြီး၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှတပ်ကြပ်ကြီး အေးဇော်လတ်နှင့် တာဝန်ရှိသူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ထော်လာဂျီများနှင့် လမ်းအသုံးပြုသွားလာနေကြသော ပြည်သူများယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို စည်းကမ်းတကျသိရှိ လိုက်နာနိုင်ရန်အတွက် အသိပညာပေးဟောပြောခြင်းနှင့် မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် ရိုက်နှိပ်ထားသော လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)