အမာ ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖျာပုံမြို့၊ ကျန်းမာရေးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများက အမာမြို့၊ မြို့မ(၂)ရပ်ကွက် နှင့် စာသင်ကျောင်းများတွင် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါခြင်ဆေးဖြန်းခြင်းလုပ်ငန်းကို ဖျာပုံမြို့၊ ကျန်းမာရေးဌာန၊ ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့မှ အဖွဲ့ခေါင်း ဆောင် ဆရာ ဦးသိန်းနိုင်ထွန်းနှင့် ဝန်ထမ်းများက လာရောက်ဖြန်းပေးရာ အမာမြို့မ (၂) ရပ်ကွက်ရှိ သွေးလွန် တုပ်ကွေးရောဂါပိုးတွေ့ရှိသည့် ကလေးငယ်နေထိုင်သည့် အိမ်နှင့် အနီး ပတ်ဝန်းကျင်အိမ်များ အပါအဝင် (၃၉)အိမ်ကို ခြင်းဆေးများဖျန်းပေးပြီး သွေးလွန်တုပ်ကွေးရောဂါ ပျံ့ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန် အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတို့ကိုလည်း သွားရောက်၍ ခြင်ဆေးများဖျန်းပေးခဲ့ ကြောင်း သိရသည်။
ထိုကဲ့သို့ ကျန်းမာရေးဌာနမှ ခြင်ဆေးများဖျန်းပေးရာတွင် အဆင်ပြေစေရေး အမာမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အထကကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဝန်ထမ်းများ၊ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဝန်ထမ်းများ၊ အမာမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမများက ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အမာ(ပြန်/ဆက်)