အိမ်မဲမြို့နယ် (Community Centre) ခန်းမ၌ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) တွင် အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အမျိုးသမီး အပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဝါးခယ်မမြို့ သကျမဟာသီရိဘုရားကြီးဝန်းအတွင်းရှိ သံဃာတော်များ၊ ရှင်သာမဏေများနှင့် သီလရှင်များအား အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစွမ်းထက်နှင့် ဝန်ထမ်းမိသားစုဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ စုပေါင်း၍ ယနေ့ နံနက် ၆ နာရီအချိန်တွင် ဝါးခယ်မမြို့ သကျမဟာသီရိ ဘုရားကြီးဝန်းအတွင်းရှိ ရဟန်းသံဃာတော်များ၊ ရှင်သာမဏေများနှင့် သီလရှင်များအား အာရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့၌ စည်ပင်သာယာရေးဦးစီးဌာနမှ ခမ်းကွန်းဈေး ပုဂ္ဂလိကကျေးလက်ကိုယ်ပိုင်ဈေး ဖွင့်လှစ်ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ ဝမ်လန်းကျေးရွာအနီး ခမ်းကွန်းဈေး ပုဂ္ဂလိကကျေးလက်ကိုယ်ပိုင်ဈေး ဖွင့်လှစ်ထားရှိမှုအခြေအနေအား

ပြင်ဦးလွင်မြို့တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုကို ယနေ့နံနက် ၁၀နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊  ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။  

ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် လူထုပါဝင်မှုဖြင့် လူနေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် တစ်အိမ်တက်ဆင်း လိုက်လံ၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေး ခတ်ခြင်း၊ အမှိုက်နှင့် ချုံနွယ်များ ရှင်းလင်းခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက စတင်၍ ကျေးရွာများအလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်၌ "အောင်မြင်ဖို့အချိန်"စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန တွင် ယနေ့ နံနက် (၁၀) နာရီ က Youth Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၏ " အောင်မြင်ဖို့ အချိန်"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

တကောင်းမြို့ လူထုအခြေပြုဗဟိုဌာ (Community Centre)ခန်းမတွင် Mobile Phone ဖြင့် ဗီဒီယိုတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက Mobile Phone ဖြင့် ဗီဒီယိုတည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှု်ပရှားမှု အခမ်းအနား ဖြူးမြို့နယ်၌ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ (၅)နှစ်အောက် ကလေးငယ်များနှင့် ကျောင်းသားလူငယ်များ အာဟာရပြည့်ဝပြီး ရောဂါကင်းစင်စေရေးအတွက် ရည်ရွယ်ကာ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှု်ပရှားမှု အခမ်းအနားကို ဖြူးမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့‌နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် အနာဂတ် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှိလာစေရေး၊ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေး ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီခွဲက အထက(မယ်စဲ့)၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်သိပညာပေး Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ​ ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to