ဒလ သြဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အ.မ.က(၇)မူလတန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခြင်ဆေးဖြန်း ခြင်းလုပ်ငန်းကို ယမန်နေ့ နေ့လည် ၁၂နာရီ အချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပညာသင်ကြားနိုင်ရန်နှင့် သွေးလွန် တုပ်ကွေး ရောဂါ ကာကွယ်နိုင်ရန်အတွက် ခြင်မှတစ်ဆင့် ကူးဆက်တတ်သောရောဂါများ မဖြစ်ပွားစေရန်ရည်ရွယ်၍ ခြင်ဆေးဖြန်းခြင်းလုပ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒလ ( ပြန် / ဆက် )