မင်းတုန်းမြို့ ဈေးကွက်အတွင်းရှိ စားသုံးဆီများ၏ ကုန်ညွှန်း‌ဖော်ပြချက်များ ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ ဈေးကွက်အတွင်းရှိ ရောင်းချလျက်ရှိသော စားသုံးဆီများ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မတိကျသော ပမာဏဖော်ပြချက်များ ထည့်သွင်းထားသည့် စားသုံးဆီများ ရောင်းချမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက သရက်ခရိုင် စားသုံးသူရေးရာဦးစီးဌာန မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွှေနှင့် ဌာနဆိုင်ရာများ ပူးပေါင်း စစ်ဆေးခဲ့ကြသည်။

မြဝတီမြို့၌ ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့(လက်ချည်)မင်္ဂလာပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ကရင်အမျိုးသားတို့၏ မြတ်နိုးဂုဏ်ယူ တန်ဖိုးထားသော ကရင်ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့်ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ (လက်ချည်)မင်္ဂလာပွဲကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကရင်အမျိုးသား ထာဝရနှစ်သစ်ကူးကွင်းတွင် ယမန်နေ့နံနက် ၉ နာရီကစည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့တော်ခန်းမ၌ ကျင်းပသည်။

မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌​ သတိပြုစရာမျောက်​ကျောက်​ရောဂါ Talk Show ကျင်းပ

​ပြည်သူများ ​မျောက်​ကျောက် (Monkeypox) ကူးစက်​ရောဂါ အ​ကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်​​​စေရန်ရည်ရွယ်၍ ယ​နေ့နံနက် ၁၁:၀၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာ​ရေးဆရာမ ​ပေါက်ပေါက်နှင့် သတိပြုစရာ​မျောက်​ကျောက်​ရောဂါအ​ကြောင်း သိ​ကောင်းစရာ အသိပညာပေးTalk Show ကို ကျင်းပပြုလုပ်ခဲ့သည်။

တာမွေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က တာမွေ(ယာယီ)စျေးမှ စျေးရုံကိုယ်စားလှယ် ဦးကြည်မြင့်နှင့် မိသားစုက မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ပေါင်းတည်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အ.ထ.က မင်းကွက်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့တွင် "မိခင်ကလေးနှင့် မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းများအတွက် ရွေ့လျားကျန်းမာရေး စောင့်ရှောက်မှု ပံ့ပိုးကူညီခြင်းစီမံချက်” မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့် UNFPA တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော "မိခင်ကလေးနှင့် မျိုးဆက်ပွားကျန်းမာရေး လုပ်ငန်းများအတွက် ရွေ့လျား ကျန်းမာရေးစောင့်ရှောက်မှု ပံ့ပိုးကူညီခြင်းစီမံချက်” မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီ အချိန်က မြတ်ဒါနစေတနာဆေးခန်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ကသာမြို့တွင် ကျောင်းကျန်းမာရေး သီတင်းပတ် ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်ဖြစ်သည့် ဩဂုတ်လ(ဒုတိယပတ်)တွင် ကျောင်းသား/ကျောင်းသူများအား ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
Subscribe to