မင်းတုန်း ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ ဈေးကွက်အတွင်းရှိ ရောင်းချလျက်ရှိသော စားသုံးဆီများ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မတိကျသော ပမာဏဖော်ပြချက်များ ထည့်သွင်းထားသည့် စားသုံးဆီများ ရောင်းချမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက သရက်ခရိုင် စားသုံးသူရေးရာဦးစီးဌာန မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွှေနှင့် ဌာနဆိုင်ရာများ ပူးပေါင်း စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် စားသုံးဆီများ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မတိကျသော ပမာဏဖော်ပြချက်များ ထည့်သွင်းထားသည့် စားသုံးဆီများ ရောင်းချမှု မတွေ့ရှိရကြောင်းနှင့် နောင်တွင်လည်း မတိကျသည့် ကုန်ညွှန်းအမှတ်အသား ပါရှိသည့် ကုန်ပစ္စည်းများ တင်းသွင်းရောင်းချခြင်း မပြုလုပ်ကြရန် ကုန်စုံ စတိုးဆိုင်များအား ဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)