မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌​ သတိပြုစရာမျောက်​ကျောက်​ရောဂါ Talk Show ကျင်းပ

မရမ်းကုန်း သြဂုတ် ၁၂

​ပြည်သူများ ​မျောက်​ကျောက် (Monkeypox) ကူးစက်​ရောဂါ အ​ကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်​​​စေရန်ရည်ရွယ်၍ ယ​နေ့နံနက် ၁၁:၀၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာ​ရေးဆရာမ ​ပေါက်ပေါက်နှင့် သတိပြုစရာမျောက်​ကျောက်​ရောဂါအ​ကြောင်း သိ​ကောင်းစရာ အသိပညာပေးTalk Show ကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာ​ပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို မြို့နယ်ဦးစီးမှူးက ရှင်းလင်း​ပြောကြားပြီး စာ​ရေးဆရာမ ​ပေါက်​ပေါက်မှ ​​မျောက်​ကျောက်​ရောဂါစတင် ပေါ်ပေါက်လာပုံအ​ကြောင်း၊ မျောက်​ကျောက်​ရောဂါ၏လက္ခဏာများ၊ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ​​မျောက်​ကျောက်​ရောဂါကာကွယ်နိုင်မည့် နည်းလမ်းများအစရှိသည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်​ ဆွေး​နွေးခဲ့​​​ကြောင်းနှင့် ​ဆွေး​နွေးချက် အပြည့်အစုံအား မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Online Page တွင် လွှင့်တင်ထား​ကြောင်း သတင်းရရှိသည်။

​အေး​အေး​အောင်(ပြန်/ဆက်)