နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းအဆင့် ကျန်းမာရေးသတင်းပတ်လှုပ်ရှားမှုနှင့် အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်

ဥတ္တရသီရိ ဩဂုတ် ၁၂

ပြည်ထောင်နယ်မြေ၊နေပြည်တော် ဥတ္တရသီရိ မြို့နယ်တွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းအဆင့်ကျောင်းကျန်းမာရေး လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉နာရီက အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အမှာ စကားပြောကြားရာ ကျန်းမာသန်စွမ်းသည့် လူ့အဖွဲ့အစည်းတည်စောက်နိုင်ရန်နှင့် လူတစ်ဦး ချင်းစီ၏ ပျမ်းမျှသက်တမ်း တိုးမြှင့်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိရာ ကျောင်းသားလူငယ်များအတွက် ကျန်းမာရေးအဆင့်အတန်း မြှင့်မားရေးသည် လည်းအဓိကကျသော အခမ်းကဏ္ဍတွင်ပါဝင်ကြောင်း၊ ယခု၂၀၂၂-၂၀၂၃ခု နှစ်ညာသင်နှစ်တွင် ဩဂုတ်လ၇ရက်မှ ၃ရက်နေ့အထိ ကျရောက်သည့် ကျောင်းကျန်းမာရေး သတင်းပတ်၌ တိုင်းအဆင့် အထိမ်းအမှတ်လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိပြီး ပြည်ထောင်စုနယ်မြေ အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းများရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂)သိန်းကျော်ခန့်ကို ပထမအကြိမ် ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

 ထို့နောက် နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီရိနွယ်က ကျောင်းကျန်းမာရေးနှင့် ပတ်သက်၍ ကျန်းမာရေးဌာနမှ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကျောင်သား၊ ကျောင်းသူလေးများမှ တေးသရုပ်ဖော်များ ဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများက စနစ်တကျလက် ဆေးခြင်း၊ ကလေးများရဲ့ သွားတိုက်နည်းစနစ်များ မှန်ကန်စွာသရုပ်ပြမှုများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)