ဟင်္သာတ သြဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် စားသုံးသူပြည်သူများအတွက် အဖိုးနှူန်းသက်သာစွာဖြင့် စားအုံးဆီများကို ယနေ့နံနက် ၁၀ နာရီက စတင်၍ ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဘတ်စကတ်ဘောကွင်းတွင် ရောင်းချပေးလျက်ရှိသည်။
မြန်မာနိုင်ငံဆီကုန်သည်များအသင်းမှ စားသုံးသူပြည်သူများအတွက် မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု အဆင်ပြေစေရန်အတွက် သတ်မှတ်ရည်ညွန်စျေးဖြင့် ရောင်းချရန်ပေးနိုင်ရေးအတွက် စားအုန်းဆီ ပေပါ(၄၃)ပေပါအား ပေးပို့ခဲ့သဖြင့် ဟင်္သာတခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်နှင့် ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအဖွဲ့ဝင် ဦးတင်မောင်ဝင်း(ဦးမော်စီ)တို့မှ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားအုန်းဆီ တစ်ပိသာလျင်(၄၀၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကိုဇော် -ဟင်္သာတ