မိုင်းရှူး သြဂုတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူကိုဗဟိုပြု၍ စာအုပ်စာစောင်များငှားရမ်းပေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် စာအုပ်ငှားရမ်းသူ၊ စာဖတ်သူနှင့် ကစားစရာများ လာရောက်ကစားသူ စည်ကားလျက်ရှိသည်။
အဆိုပါ မိုင်းရှူးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၏ အရှေ့ဘက်တွင် ရွှေင်္ဟာစျေးရှိပြီး အနောက်ဘက်တွင် အခြေခံပညာအထက်တန်းကျောင်း ရှိသည့်အတွက် ကလေးသူငယ်များ စာအုပ်လာရောက် ငှားရမ်းခြင်း၊ စာဖတ်ခြင်းနှင့်ရုံးတွင်းရှိ ကစားစရာ ဒါန်း၊ လျော၊ စီးလျောများ လာရောက်ကစားသူ တစ်ရက်လျှင်(၄၀)ဦးခန့်ရှိကြောင်း စာကြည့်တိုက်မှူးထံမှ သိရသည်။
သန်းလူ(ပြန်/ဆက်)