“စုန်ဆန်စီးမျောစာပေတော” စာပေစကားဝိုင်းသံတွဲ၌ကျင်းပ

သံတွဲ ဩဂုတ် ၁၄

သံတွဲမြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)မှ ဦးဆောင်ကျင်းပသည့် “စုန်ဆန်စီးမျော စာပေတော”(၃၃)ကြိမ်မြောက် စာပေစကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ကျင်းပပြုလုပ်သည်။

အဆိုပါ “စုန်ဆန်စီးမျော စာပေတော” စာပေစကားဝိုင်းသို့ သံတွဲမြို့နယ် စာပေချစ်မြတ်နိုးသူများ အဖွဲ့ (Book Club)မှ ယာယီ ဥက္ကဋ္ဌ ဦးအောင်ကျော်သိန်းမှဦးဆောင်၍ အဖွဲ့ဝင်များ၊  စာပေဝါသနာရှင်များ တက်ရောက်ကြပြီး “ကဗျာဆိုင်ရာခံစားမှု” ခေါင်းစဉ်ဖြင့် မိမိတို့ကြိုက်နှစ်သက်ရာကဗျာများ၊ ကဗျာဆိုင်ရာဆောင်းပါးများဖြင့် ရင်းတွင်းခံစားမှုရသများကို ဆွေးနွေးခဲ့ကြသည်။

“စုန်ဆန်စီးမျော စာပေတော” စာပေစကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သံတွဲမြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်ကပင် ဆောင်ရွက်ခဲ့ကြရာ သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ဖွင့်လှစ် ပြီးချိန်တွင် စာပေချစ်မြတ်နိုးသူများ ပြန်လည်စုစီးကာ ဆက်လက်ဆောင်ရွက်ခဲ့သဖြင့် (၃၃)ကြိမ်ရှိပြီဖြစ်သည်။ အဆိုပါစာပေ စကားဝိုင်းကိုတစ်လလျှင် တစ်ကြိမ်နှုန်းဖြင့်  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှိရသည်။

ခရိုင်ပြန်/ဆက်