မြောင်းမြမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ

မြောင်းမြ သြဂုတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အမှတ်(၈၁)ယဉ်ထိန်းတပ်ဖွဲ့စု၊(မြောင်းမြ)က ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို အ..က()ပညာရတနာခန်းမတွင် ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် အမှတ်(၈၁) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုတိယရဲမှူး ညီညီအောင်က ကျောင်းသားကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ လမ်းအန္တရာယ် ကင်းရှင်းရေး အတွက် အသိပညာပေးဟောပြောပြီး၊ တပ်ကြပ်ကြီး ဇော်ဝင်းထွန်းက ယာဉ်လမ်း အချက်ပြပုံများကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

ဟောပြောပွဲသို့ အ..က() ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း(၃၉၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။  

မြောင်းမြခရိုင်ပြန်ဆက်