ဓနုဖြူ သြဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာအုပ်စု၊ ထောက်ရှာရိုးကျေးရွာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးပညာပေးသင်တန်းကို ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ပညာပေးသင်တန်းအား (၁၁. ၈. ၂၀၂၂ မှ ၁၂. ၈.၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာအိချိုဇင်က ကူးစက် ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ဝက်များတွင် ဖြစ်ပွားတတ်သော အာဖရိကဝက်အပြင်းဖျားရောဂါ၊ ဝက်နားရွက်ပြာရောဂါ၊ ဝက်ဝမ်းကျရောဂါများအကြောင်း ရှင်းလင်း ပြောကြား၍ ရောဂါဖြစ်ပွားပုံ၊ ရောဂါလက္ခဏာများနှင့် ကူးစက်ရောဂါကျရောက်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများအပြင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
သင်တန်းတွင် တက်ရောက်ကြသော သင်တန်းသား/သင်တန်းသူများမှလည်း ဝက်ရောဂါများနှင့် ပတ်သက်၍ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းနှင့် သင်တန်းသားဦးရေ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)