ညောင်တုန်း ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကြိမ်ပင်ဆယ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာကြိမ်ပင်ဆယ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ် ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ခြင်းအကျိုးကျေးဇူးများကိုလည်းကောင်း မူးယစ်ဆေးဝါး၏ဆိုးကျိုးများကြောင့် လူညွန့်တုံးခဲ့ရသည့် သာဓကများနှင့် မူးယစ်ဆေးဝါး မသုံးစွဲမိစေရန်ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း လူကုန်ကူးမှုသတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်းစသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာ အသိပညာပေးအကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လွင်က စာသုံးသူများ အနေဖြင့် သတိပြုလိုက်နာရမည့်အချက်များ၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့်ဖုန်းနံပတ်များစသည့် စားသုံးသူရေးရာအသိပညာပေးအကြောင်းများကို ဆွေးနွေး ပြောကြား၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြိုနယ်အတွင်းရှိ နို့စား နွားမွေးမြူရေးလုပ်ငန်းတို့နှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ နို့တိုက်ကျွေး လှူဒါန်းမှုအစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူလေးများအား နွားနို့များလှူဒါန်းတိုက်ကျွေးပြီး မြို့နယ်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နယ်လှည့်နံရံကပ်စာစောင်းများ ပြသရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)