သာ​​ကေတမြို့နယ်တွင် အားကစားနှင့်လူငယ်​ရေးရာ အသိပညာ​ပေး ဟောပြောပွဲကျင်းပ

ရန်ကုန်အ​ရှေ့ပိုင်းခရိုင်၊ သာ​ကေတမြို့နယ်၌ အားစားနှင့်လူငယ်​ရေးရာ အသိပညာ​ပေး​ ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က သာ​​ကေတ မြို့နယ်၊ အမှတ်(၂) အ​ခြေခံပညာ အလယ်တန်း​​ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး

(၂၃)ကြိမ်မြောက်၊ စစ်ကိုင်းတိုင်းဒေသကြီးအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဩဂုတ်(၁၆)ရက်၊ နံနက်ပိုင်းက စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ ပြည်သူများ စာပေနှင့် အဆက်မပြတ်ထိတွေ့မှုရှိစေရန်၊ စာပေဖတ်ရှုလေ့လာလိုသည့် ပြည်သူများထံသို့ စာအုပ်များ အရောက်ငှားရမ်းပေးနိုင်ရန် ရည်ရွယ်၍ တောင်ငူမြို့ရှိ ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သွားရောက်ကာ ယနေ့နံနက်ပိုင်းက စာအုပ်များ ငှားရမ်းပေးလျက်ရှိသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ မိုးရွာသွန်းမှုကြောင့် သစ်ပင်များလဲကျမှုအား ပူးပေါင်းရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် (၂၈) ရပ်ကွက်၊ ဗိုလ်ဖိုးစောလမ်း၊ အ.ထ.က (၁)ကျောင်းရှေ့တွင် စိန်ပန်းပင် လဲကျခြင်း၊ (၂၉)ရပ်ကွက်၊ သမဝါယမဦးစီးဌာန လူနေလိုင်းခန်းပေါ်သို့ ကုက္ကိုပင်လဲကျခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်စျေးနှုန်း မှန်မမှန်နှင့် ချိန်တွယ်ရောင်းချသည့် ဂါလံပြည့် ရောင်းချမှု ရှိ/မရှိနှင့် ဆီလက်ကျန်အ‌ခြေအနေများအား ယမန်နေ့ညနေပိုင်း က တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ကျေးရွာများသို့ ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ကျေးရွာများသို့ ရန်ပုံငွေများ

ကြည့်မြင်တိုင်မြို့နယ် (Community centre)ခန်းမတွင် မျောက်ကျောက်ရောဂါ အသိပညာပေး နံရံကပ်စာစောင်ပြပွဲကျင်းပ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် မျောက်ကျောက်ရောဂါ အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁ဝ)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

လားရှိုးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် လားရှိုးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ အစည်းအဝေးကို လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်သည်။

ချမ်းမြသာစည်မြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် အာဟာရကျွေးခြင်းနှင့်ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

ချမ်းမြသာစည်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် အာဟာရကျွေးမွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၃၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to