သာ​​ကေတမြို့နယ်တွင် အားကစားနှင့်လူငယ်​ရေးရာ အသိပညာ​ပေး ဟောပြောပွဲကျင်းပ

သာ​ကေတ ဩဂုတ် ၁၆

ရန်ကုန်အ​ရှေ့ပိုင်းခရိုင်၊ သာ​ကေတမြို့နယ်၌ အားစားနှင့်လူငယ်​ရေးရာ အသိပညာ​ပေး​ ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က သာ​​ကေတ မြို့နယ်၊ အမှတ်() အ​ခြေခံပညာ အလယ်တန်း​​ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် သာ​​ကေတမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး​​ ဒေါ်ခိုင်​​ဝေ​ဝေနှင်းက လူငယ်နှင့်​ခေါင်း​ဆောင်မှု​ခေါင်းစဉ်ဖြင့်​ ကျောင်းသား၊​ကျောင်းသူများအား​ အနာဂတ်တွင် လူငယ်​ခေါင်း​ဆောင်​ကောင်းများ​ ပေါ်ထွန်းလာ​စေ​ရေး အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာ​ပေး ​​ဟော​ပြောခဲ့ပြီး အမှတ်() အခြေခံပညာ အလယ်တန်း​ကျောင်း​ ကျောင်းအုပ်ဆရာမကြီး​ ဒေါ်လှမြတ်စုအား အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ​ဒေါ်ခိုင်​ဝေ​ဝေနှင်းက အားကစားပစ္စည်းများ လှူဒါန်း​ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့​ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား‌/ကျောင်းသူများ စုစုပေါင်း (၁၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

​ဆောင်းနှင်းဖြူ(ပြန်/ဆက်)