နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ကျေးရွာများသို့ ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲတက်ရောက်

တပ်ကုန်း ဩဂုတ် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ကျေးရွာများသို့ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အဆိုပါဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ)ကျေးရွာများတွင် ပါဝင်သည့်တောင်သူများအနေဖြင့် ရရှိသောရန်ပုံငွေ များကို အသုံးပြု၍ ဆီထွက်သီးနှံများအောင်မြင်ရေး အလေးထားစိုက်ပျိုးကြရန်၊တောင်သူများ လိုအပ်လျက်ရှိသော မျိုးစေ့သွင်းအားစုနှင့်စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် အတိုး နှုန်း သက်သာသော ချေးငွေများပံ့ပိုးပေးနိုင်ရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ စတင်၍ အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ မတည်ထူထောင် ပေးကြောင်း ရှင်းလင်းပြောကြားပြီးနောက်၊ ပြည်ထောင်စုနယ်မြေ၊နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမျိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းရည်ရွယ်ချက်များအား ရှင်းလင်း၍လည်းကောင်း၊ ဥတ္တရခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးထိန်လင်းဟန်က ဆီထွက်သီးနှံအထွက်တိုးနှုန်း မြင့်မာရေးအတွက် စိုက်ပျိုးရမည့်နည်းလမ်းများ ရှင်းလင်းပြောကြားပြီးနောက် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက် သီးနှံ)ကျေးရွာများဖြစ်သည့် ရှောက်ကုန်းကျေးရွာ၊ အောင်မြေရိပ်သာကျေးရွာ၊ ဆင်သေကျေးရွာ နှင့်သပြေသာကျေးရွာများသို့ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် မြစိမ်းရောင် ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ကျေးရွာများမှ (ကိုယ်စား) ကျေးရွာကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။       

တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာအုပ်စု၊ ရှောက်ကုန်းကျေးရွာတွင် Type(2) ငွေကျပ် သိန်း(၂၀၀)၊နှင့် အောင်မြေရိပ်သာကျေးရွာအုပ်စု၊ အောင်မြေရိပ်သာကျေးရွာတွင် Type(1) ငွေ ကျပ်သိန်း(၁၀၀)၊ ကင်မွန်းတန်းကျေးရွာအုပ်စု၊ ဆင်သေကျေးရွာတွင် Type(1) ငွေကျပ်သိန်း (၁၀၀)၊ ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ သပြေသာကျေးရွာတွင် Type(1) ငွေကျပ်သိန်း(၁၀၀)၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေများရရှိခဲ့ကြောင်း  သိရသည်။

တင်စိုးလွင်