ကြည့်မြင်တိုင်မြို့နယ် (Community centre)ခန်းမတွင် မျောက်ကျောက်ရောဂါ အသိပညာပေး နံရံကပ်စာစောင်ပြပွဲကျင်းပ

ကြည့်မြင်တိုင် သြဂုတ် ၁၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊  ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် မျောက်ကျောက်ရောဂါ အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁ဝ)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် မျောက်ကျောက်ရောဂါ ဆိုသည်မှာ၊ မျောက်ကျောက်ရောဂါ ဘယ်လိုကူးစက်နိုင်သလဲ မျောက်ကျောက်ရောဂါသည် ရောဂါပိုးရှိသော လူ သို့မဟုတ် တိရစ္ဆာန် သို့မဟုတ် အရာဝတ္ထုပစ္စည်းများနှင့် အနီးကပ်ထိတွေ့ခြင်း၊ ကိုင်တွယ်ခြင်းမှ ကူးစက်နိုင်ပုံ၊ မျောက်ကျောက် ရောဂါလက္ခဏာများ၊ ကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊  မျောက်ကျောက်ရောဂါ (Monkeypox Virus Infection) ၏ အဖြစ်များသော ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ၊  (Monkeypox)ရောဂါကို ဘယ်လိုကာကွယ်ကြမလဲ၊ ကူးစက်ပြန့်ပွားပုံ၊ မျောက်ကျောက်ရောဂါအသိပညာပေး အကြောင်းအရာများ ပါဝင်သည့် နံရံကပ်စာစောင်ပြပွဲကို ပြသခဲ့ရာ စာဖတ်ပရိသတ်များ၊ ပြည်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

ရည်ရည်မွန်(ပြန်/ဆက်)