ဒဂုံမြောက် သြဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် (၂၈) ရပ်ကွက်၊ ဗိုလ်ဖိုးစောလမ်း၊ အ.ထ.က (၁)ကျောင်းရှေ့တွင် စိန်ပန်းပင် လဲကျခြင်း၊ (၂၉)ရပ်ကွက်၊ သမဝါယမဦးစီးဌာန လူနေလိုင်းခန်းပေါ်သို့ ကုက္ကိုပင်လဲကျခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၂၈) ရပ်ကွက်၊ ဗိုလ်ဖိုးစောလမ်း အ.ထ.က (၁)ကျောင်းရှေ့တွင် စိန်ပန်းပင်လဲကျခြင်း၊ (၂၉)ရပ်ကွက်၊ သမဝါယမဦးစီးဌာန လူနေလိုင်းခန်း ကုက္ကိုပင်လဲကျခြင်းတို့ ဖြစ်ပွားခဲ့မှုများအား မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်ဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများပူးပေါင်း၍ ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရသည်။ သစ်ပင်များ လဲကျမှုကြောင့်လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
မြင့်မြင့်ရီ