ရေတာရှည်မြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ရေတာရှည်   သြဂုတ်   ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်စျေးနှုန်း မှန်မမှန်နှင့် ချိန်တွယ်ရောင်းချသည့် ဂါလံပြည့် ရောင်းချမှု ရှိ/မရှိနှင့် ဆီလက်ကျန်အခြေအနေများအား ယမန်နေ့ညနေပိုင်း က တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် ရေတာရှည်မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဌေးဝင်းအောင်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းဇော်မိုးနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဇော်ထွေးတို့က  မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ()ဆိုင်အား  စက်သုံးဆီများ ရောင်းချနေရာတွင် စက်သုံး ဆီအမျိုးအစား၊ သတ်မှတ်စျေးနှုန်းနှင့် ချိန်တွယ်ရောင်းချမှု အခြေအနေများ၊ နေ့စဉ် စက်သုံးဆီ စျေးနှုန်းများ၊ ဆီဘောက်ဆာယာဉ် ရောက်ရှိမှုနှင့် ဆီလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)