ချမ်းမြသာစည်မြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် အာဟာရကျွေးခြင်းနှင့်ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

ချမ်းမြသာစည်   ဩဂုတ် ၁၆

ချမ်းမြသာစည်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် အာဟာရကျွေးမွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၃၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းကျန်းမာရေးရက်သတ္တပတ် ဆောင်ရွက်မှုအစီအစဉ်တွင် ကျောင်းသား/သူများအား အာဟာရနို့ဆန်ပြုတ်တိုက်ကျွေးခြင်းနှင့်ကျောင်း အတွင်းရှိ မုန့်ဈေးတန်းများအား ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချခြင်း ရှိ/မရှိ၊ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိတို့ကို စစ်ဆေးကြည့်ရှုခဲ့ကြသည်။ ယင်းနောက် ကျောင်းသား/သူများအား တစ်ကိုယ်ရေသန့်ရှင်းမှုရှိ/မရှိ၊ လည်ပင်းကြီး ရောဂါ ရှိ/မရှိ၊ သွားနှင့်ခံတွင်းရောဂါ ရှိ/မရှိ ကို  ပြည်သူ့ကျန်းမာရေးအဖွဲ့က စစ်ဆေးပြီးသံချဆေးများ တိုက်ကျွေးပေးခဲ့ကြကြောင်း သိရသည်။ 

 ခင်စိမ်း၀င်း(မြို့နယ်ပြန်/ဆက်)