တောင်ဥက္ကလာပမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

တောင်ဥက္ကလာပ  ဩဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊‌ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ၌  ယနေ့နံနက်(၁၀) နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။

အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆန်းမြို့ကြွယ်နှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲဝင် စာရေးဆရာမ အေးချမ်းအိမ်တို့မှ လူငယ်လူရွယ်များ၏ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တ မဏ္ဏိုင်ကို အကြီးမားဆုံး လှိုက်စားဖျက်ဆီးနိုင်သည့် မူးယစ်ဆေးဝါးအန္တရာယ်အား အသိပညာ ဗဟုသုတရရှိစေရန်၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ရှောင်ရှားနိုင်ရန်၊ အန္တရာယ် မကျရောက်စေရန်အတွက် စာ‌ရေးဆရာ ပါမောက္ခ ဒေါက်တာခင်မောင်ကြီး (စိတ်ကျန်းမာ/ မူးယစ်) ရေးသားသော ပိုးဖလံမျိုးမီးကိုတိုး (သို့မဟုတ်) ယနေ့ခေတ် လူငယ်နှင့်မူးယစ်ဆေးဝါး စာအုပ်ပါ လူငယ်နှင့်စိတ်ငြိမ်ဆေး၊ မူးယစ်ဆေးစွဲမှု၏‌ နောက်ဆက်တွဲ ဆိုးကျိုးအန္တရာယ်များကို အသိပညာ‌ပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ်များကို ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။                           

ခင်ဆွေနှင်း(ပြန်/ဆက်)