ကဝ ဩဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ နေထိုင်ကြသည့် မိဘပြည်သူများ ဆန်ကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်များကို မိဘပြည်သူများ လက်ဝယ်သို့အရောက် သက်သာသောဈေးနှုန်းတို့ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ယနေ့ နံနက်ပိုင်း၌ အမှတ်(၅)ရပ်ကွက် မာဃလမ်းရှိ မိဘပြည်သူများအား မနောသုခဆန် (၈)လုံးကိုက် တစ်ပြည်လျှင် ငွေကျပ်(၁၆၀၀)နှုန်းဖြင့် မိမိတို့တတ်နိုင်သမျှ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဝန်ထမ်းများက မော်တော်ယာဉ်များဖြင့် လှည့်လည် ရောင်းချပေးခဲ့သည်။
မိဘပြည်သူများ ဆန်များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်များသို့လဲ ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)