တောင်သာ ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ နတ်စောင့်ကျေးရွာ၊ နတ်စောင့်ဓာတ်အားခွဲရုံ 33/KV 5 MVA Transformer ပျက်စီးမှုအတွက် ပြန်လည်ပြုပြင်ခြင်းကို ဩဂုတ်လ (၁၄)ရက်နေ့ကစတင်၍ မန္တလေးတိုင်း လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းလမ်းညွှန်မှုဖြင့် တောင်သာမြို့နယ် လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများက တက်ညီလက်ညီကြိုးပမ်းကာ ပြန်လည်ပြုပြင်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နတ်စောင့်ကျေးရွာ၊ နတ်စောင့်ဓာတ်အားခွဲရုံ 33/KV 5 MVA Transformer မှာ အကြမ်းဖက်သောင်းကြမ်းသူများက (၃-၁၂-၂၀၂၁)ရက်နေ့က ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကြောင့် တောင်သာမြို့နယ် ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်းမရှိတော့ပဲ ဖြတ်တောက်မှုများဖြစ်ပေါ်ခဲ့ရာ ယခုအခါ တောင်သာမြို့နယ် လျှပ်စစ်မန်နေဂျာနှင့်ဝန်ထမ်းများ ပြန်လည်ပြုပြင်ခဲ့သဖြင ့်ဩဂုတ် လ (၁၆)ရက်နေ့မှစတင်၍ တောင်သာမြို့နယ်အတွင်းရှိ နတ်စောင့်ဓာတ်အားခွဲရုံမှ ကျေးရွာပေါင်း(၅၄)ရွာကို လျှပ်စစ်ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုမျိုး(တောင်သာ)