ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ သီလရှင်အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေး
အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှုများမှ ကာကွယ်နိုင်ရန်အတွက် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အောင်ရတနာ (၁၁)လမ်းရှိ သီလရှင်တိုက်တွင် ယမန်နေ့နံနက်ပိုင်းက အမျိုးသမီးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။