တပ်ကုန်းမြို့၌ စာအုပ်မိတ်ဆက်ခြင်းနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ

တပ်ကုန်း မတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် စာရေးဆရာမျိုးမြင့် (အောင်လံ) အသက် ၇၉ နှစ်ပြည့် အထိမ်းအမှတ် ရဟန်းဘာကြောင့်ဝတ်တာလဲနှင့် ဗုဒ္ဓ၊ ဓမ္မ၊ ဝတ္ထု/ ဆောင်းပါးပေါင်းချုပ် စာအုပ်မိတ်ဆက်ခြင်းနှင့် စာအုပ်လှူဒါန်းခြင်းကို မတ် ၂၉ ရက်နေ့ နံနက်ပိုင်းက မြဝတီရပ်ကွက်၊ ပဏ္ဍိတာရာမစာသင်တိုက်တွင် ကျင်းပခဲ့သည်။

ဦးစွာ စာရေးဆရာ (မြတ်ဘုန်း - တပ်ကုန်း) ပဏ္ဍိတာရာမစာသင်တိုက်၊ “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘဒ္ဒန္တပဏ္ဍိတာနန္ဒဆရာတော်၊ စာရေးဆရာမျိုးမြင့် (အောင်လံ) တို့က စာအုပ်မိတ်ဆက်ခြင်းနှင့် စာအုပ်လှူဒါန်းရခြင်းရည်ရွယ်ချက်များပြောကြားခဲ့ပြီးနောက် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ “ ပြည်သူ့စာကြည့်တိုက် ” အတွက် စာအုပ် ၃၀ အုပ် လှူဒါန်းခဲ့ရာ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က လက်ခံယူခဲ့ပြီး၊ တက်ရောက်လာသည့် စာပေဝါသနာရှင်အတွက် ၃၀ အုပ်၊ စုစုပေါင်းစာအုပ် ၆၀ အုပ်လှူဒါန်းကာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမောင်ပု ( ဉာဏ်လင်း - တပ်ကုန်း)က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင် (ပြန်/ဆက်)