ပြည်မြို့နယ်၏ ရပ်ကွက်/ကျေးရွာအုပ်စု ၆၉ အုပ်စုရှိ မဲရုံ ၁၃၃ ရုံ ပြုလုပ်မည့်နေရာများသို့ တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်နှင့်မြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူများနှင့် ပြည်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများအဖွဲ့က ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပြည်မြို့နယ်၏ ရပ်ကွက်/ကျေးရွာအုပ်စု ၆၉ အုပ်စုရှိ မဲရုံ ၁၃၃ ရုံ ပြုလုပ်မည့်နေရာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။