‎မဟာအောင်မြေမြို့နယ်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန် (ဒုတိယနေ့) စာမေးပွဲဆက်လက် ဖြေဆို

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်အစိုးရပါဠိ ပထမပြန်စာမေးပွဲကို မတ်၂၉ ရက်နေ့မှ ကျင်းပဆောင်ရွက်ခဲ့ရာ ယနေ့နေ့လယ် ၁၂ နာရီတွင်လည်း မစိုးရိမ်တိုက်သစ်၌ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(တတိယနေ့)ကို မတ် ၃၀ ရက် နံနက် ၁၀နာရီက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ  တိုင်းဒေသကြီးလွှတ်တာ် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တက်ရောက်ခွင့်ရှိသည့်လွှတ်တော်ကိုယ်စားလှယ် (၇၂) ဦးရှိသည့်အနက် (၇၂)ဦးတက်ရောက်သည့်အတွက် ရာနှုန်းပြည့် တက်ရောက်ကြသည်။

ထန်းတပင်မြို့နယ်၌ အခြေခံဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ယဥ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာမူလတန်းလွန်သခင်မြစာသင်ကျောင်းတွင် ပြုလုပ်ခဲ့သည်။

ပင်လောင်းမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ‌ ဖြေဆို

ရှမ်းပြည်နယ်(တောင်ပိုင်း)ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရင်းမှီးပရိယတ္တိစာသင်တိုက်၌ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း 

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုလမ်းလျှောက်သင်္ကြန် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့်ပါဝင်ဖျော်ဖြေကြမည့် သင်္ကြန်ယိမ်းအဖွဲ့များ၊စတုဒိသာကျွေးမွေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်း အဝေးခန်းမ၌ မတ် ၃၀ ရက် နံနက် ၉ နာရီခွဲက ကျင်းပသည်။

ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်းပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့၌  နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေး၊  ပန်းချီရေးဆွဲနည်းအခြေခံသဘောတရားများ၊ အရောင်များအသုံးပြုပုံများကိုသိရှိစေရန်နှင့် စိတ်ရှည်မှု၊ ကြိုးစားအားထုတ်မှုနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေရန်အတွက် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မတ် ၁၀ ရက်မှ ဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းသား/သင်တန်းသူများ၏ သင်ခန်းစာဆန်းစစ်မှု အခြေခံပန်းချီရေးဆွဲနည်း ပြိုင်ပွဲကို ယနေ့နံနက်၈နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပသည်။

တိုက်ကြီးမြို့နယ် မှန်ပြတောင်ရေရှိရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ကျားချောင်းကျေးရွာ၊ မှန်ပြတောင်ပေါ်၌ တည်ထားကိုးကွယ်သည့်စေတီတော်တွင် ရေရှိရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် အထွေထွေပိုလျှံရန်ပုံငွေဖြင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ပြည်ကြီးတံခွန်မြို့နယ် (ခ)ရပ်ကွက်အတွင်း မီးဘေးလုံခြုံရေး စစ်ဆေး

မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပူပြင်း‌ ခြောက်‌သွေ့သောနွေရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မပေါ်ပေါက်စေရေးအတွက် ယနေ့ နံနက်ပိုင်းက (ခ)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။     

စဥ့်ကိုင်​မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲ (ပထမနေ့) စတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ခုနှစ်၊ အစိုးရ ပါဠိပထမပြန် စာမေးပွဲ (ပထမနေ့)ကို  တရုတ်စုရပ်ကွက်၊ တိုက်ကျောင်း ပရိယတ္တိ စာသင်တိုက်အတွင်းရှိ သဇင်ညွန့်ဓမ္မာရုံ၊ ရွှေကံကူ ဓမ္မာရုံနှင့် ဆွမ်းစား ကျောင်းဆောင်တို့၌ မတ် ၂၉ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ၊ သီလရှင်စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများမှ  စာဖြေ သံဃာတော်/သီလရှင် ၂၉၅ ပါး ဖြေဆိုတော်မူကြသည်။
Subscribe to