မြဝတီ မတ် ၂၉
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ပြည်သူများ မီးဘေးအန္တရာယ်မှကင်းဝေးစေရန်နှင့် အသိသတိရှိစေရန်ရည်ရွယ်၍ ရပ်ကွက်အလိုက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈)နာရီခွဲအချိန်၌ ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး၊ ဦးဖြိုးမင်းဇော် ကြီးကြပ်မှုဖြင့် ခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မြဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် မီးဘေးအန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြဝတီခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဦးဖြိုးမင်းဇော်က ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဝန်ထမ်းများကို မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များအား ဟောပြောခဲ့ပြီး ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဥ်(၁)စီးဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း သရုပ်ပြဆောင်ရွက်ခြင်းကိုလည်းကောင်း၊ လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြဆောင်ရွက်ခြင်းကိုလည်းကောင်း အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)