မြဝတီမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် သံဃာတော်နှင့် သီလရှင် ၁၆၄ ပါး ဝင်ရောက်ဖြေဆို

မြဝတီ မတ် ၂၉

မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာအဓွန့်ရှည်တည်တံ့ပြီး ပရိယတ္တိသာသနာတော် ထွန်းကား ပြန့်ပွားစေရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပသည့် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့နေ့လယ် ၁၂ နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့ ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၏ သာသနာ့ဟိတကာရီ ဓမ္မဗိမာန်တော်၌ စတင်ကျင်းပသည်။

အဆိုပါစာမေးပွဲကို မြဝတီမြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ ပထမကြီးတန်းသံဃာ (၁) ပါး၊ ပထမလတ်တန်းသံဃာ (၁၁) ပါးနှင့်  သီလရှင် (၇) ပါး၊  ပထမငယ်တန်း သံဃာတော် (၂) ပါးနှင့် သီလရှင် (၁) ပါး၊ အခြေပြုမူလတန်းသံဃာ (၆) ပါးနှင့် သီလရှင် (၃၃) ပါး၊ စုစုပေါင်း သံဃာတော် (၁၀၉)  ပါးနှင့်သီလရှင်(၅) ပါး တို့က မတ်လ (၂၉) ရက်နေ့မှ ဧပြီလ (၄)  ရက်နေ့ထိ မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီထိ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်။

မြဝတီမြို့နယ်အနေဖြင့် ၂၀၂ခုနှစ်  အစိုးရပါဠိပထမပြန်စာမေးပွဲကြီးတွင် သံဃာတော်များ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်စေရေးအတွက် ဩဝါဒစရိယဆရာတော်ကြီးများ၊ ကြီးကြပ်ရေးအဖွဲ့ဆရာတော်ကြီးများ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး​ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်သာသနာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦး၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်ထွန်းနိုင်၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်နိုင်ထွေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊   ရပ်ကွက်ရပ်ဖိရပ်ဖများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)