နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၃၅) သင်တန်းဆင်းပွဲ ကျင်းပ
အရာထမ်းငယ်သင်တန်းအမှတ်စဉ်(၁၃၅)၏ သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ရှိ စစ်ရေးပြကွင်းတွင် ယမန်နေ့ နံနက် ၈ နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းဆင်းတပ်ခွဲက ပါမောက္ခချုပ် ဦးကျော်ထွေးအား အလေးပြုပြီးဆက်လက်၍ နိုင်ငံတော်အလံအား အလေးပြု ကြသည်။