ပခုက္ကူမြို့၌ ဆယ့်နှစ်ပွဲဈေးသည်များ၏ စုပေါင်းဈေးရောင်းပွဲတော်အတွက် ဆိုင်းခန်းတစ်ချို့ဖွင့်လှစ်၍ စတင်ရောင်းချ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းရာနှုန်းပြည့် ကပ်လှူပူဇော်ပြီးစီးမှုအထိမ်းအမှတ်ဆယ့်နှစ်ပွဲ ဈေးသည်များ၏ စုပေါင်းဈေးရောင်းပွဲတော်အတွက် ဈေးဆိုင်ခန်းတစ်ချို့ မတ်လ ၂၇ ရက်နေ့က ဖွင့်လှစ်ပြီးစတင်ရောင်းချနေကြပြီဖြစ်ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ (၄၃)ကြိမ်မြောက်  အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၄၃)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက သီရိမင်္ဂလာသာသာနာ့ဗိမာန်တွင် ကျင်းပသည်။

ဖြူးမြို့နယ် သပြေလှကျေးရွာ၊ မြစိမ်း​​ရောင် စီမံကိန်း(၁၀)ကြိမ်မြောက်  ချေးငွေထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ချင်းခင်ကျေးရွာအုပ်စု၊​ သပြေလှကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊  မြစိမ်းရောင်စီမံကိန်းချေးငွေ (၁၀)ကြိမ်မြောက်  ချေးငွေထုတ်ချေးပေးခြင်းကို မတ်(၂၈)ရက် နံနက်ပိုင်းက ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်  ဆောင်ရွက်သည်။

လှိုင်မြို့နယ်တွင် (၄၅) ကြိမ်မြောက် အစိုးရပါဠိပထမပြန် စာမေးပွဲကြီးဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ် (၄၅) ကြိမ်မြောက် အစိုးရပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) စာမေးပွဲကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က လှိုင်မြို့နယ် ဇေယျာဝတီကျောင်းတိုက် ဝိဇ္ဇာဓရဓမ္မဗိမ္မာန်တော်ကြီးတွင်ကျင်းပခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲများ စတင်ဖြေဆို

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကျင်းပသော ပါဠိပထမပြန်စာမေးပွဲများကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မြို့လယ်ဓမ္မာရုံ၌ မတ် ၂၉ ရက် နေ့လယ် ၁၂ နာရီမှ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် ၂၀၂၆ခုနှစ်ပါဠိပထမပြန်စာ‌မေးပွဲဖြေဆို

၂၀၂၆ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်စာဖြေဌာနဖြစ်သည့် ဘုရားလမ်းရပ်ကွက် မဟာဝိ‌ဇ္ဇာဒယကျောင်းတိုက်ဓမ္မာရုံ၌ ယနေ့ နံနက်၁၂နာရီက သံဃာတော်များနှင့်သီလရှင်များ အေးချမ်းစွာဖြေဆိုနေကြကြောင်း သိရသည်။

မင်းလှမြို့၌ ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို အမှတ် (၆) ရပ်ကွက်၊ မြို့ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်ကြီး၌ မတ်လ၂၉ ရက် နေ့လယ် ၁၂ နာရီက စတင်ဖြေဆိုကျင်းပခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် (၁၂) နာရီအချိန်က လှိုင်းဘွဲမြို့မပရိယတ္တိစာသင်တိုက်နှင့် မဟာသုမေဓါရာမတောရကျောင်းတိုက်တို့၌ ကျင်းပခဲ့သည်။
Subscribe to