လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်ရုံးနှင့် ပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ စာရေးဆရာမ ခင်နှင်းယု၏ “အောင်မြင်သောနေ့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေပိုင်းက လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။